BCDC CDM Trust Fund Info and CDM Donations

လက်ရှိအခြေအနေတွင် CDM ပါဝင်သူများကိုထောက်ပံ့ပေးရန်ပိုမိုလိုအပ်လာသလို CDM fund အတွက်လှူသည့်အရေအတွက်နဲလာပါသည်။ ကျေးဇူးပြုပြီးများများရှယ်ပေးကြပါ။ ကျွန်တော်တို့ Action Against Military Coup (Sydney) CDM Fundraising အဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ကောက်ခံခဲ့ရာ ယနေ့အထိ (20 April 2021) အောက်ဖော်ပြပါ နေရာများသို့ ၁၂၂၆ သိန်း ပေးပို့လှူဒါန်းခဲ့ပါသည်။

================================.

(၁) ရန်ကုန်မြို့တွင် CDM ပါဝင်နေသူများကို ကူညီနေသည့် အဖွဲ့အစည်း တခုအား သိန်း ၅၀၊

(၂) ရန်ကုန်တိုင်းတွင်းရှိ နယ်မြို့နယ်တခုတွင် CDM တွင် ပါဝင်နေကြသော ပညာရေး၊ ကျန်းမာရေး နှင့် စည်ပင်ဝန်ထမ်းများအား သိန်း ၅၀၊

(၃) ချင်းပြည်နယ် ရှိ မြို့နယ်တခုတွင် CDM တွင် ပါဝင် နေကြသော ဝန်ထမ်းများ အတွက် သိန်း ၅၀၊

(၄) ရန်ကုန်မြို့တွင် CDM ပါဝင်နေသူများကို ကူညီနေသည့် အဖွဲ့အစည်းမှ တဆင့် ကယားပြည်နယ်တွင် CDM ပါဝင်နေသော ဝန်ထမ်းများကို သိန်း ၅၀၊

(၅) ရန်ကုန်မြိုတွင်းရှိ မြို့နယ်တခုတွင် CDM ပါဝင်နေသော ဝန်ထမ်းများ ၂၅၀ ကို ဆန်၊ ဆီ ဆား ရက်သတ္တပတ် ၂ပတ်စာ ၂၅ သိန်း၊

(၆) မွန်ပြည်နယ် ဌာနဆိုင်ရာတခုမှ CDM လုပ်နေသောဝန်ထမ်းများအတွက် သိန်း ၂၀၊

(၇) ရန်ကုန်တိုင်းတွင်းရှိ တက္ကသိုလ် တခုတွင် CDM ပါဝင်နေသော ဝန်ထမ်းများအတွက် သိန်း ၂၀၊

(၈) နေပြည်တော်တွင် အောင်မြင်သော CDM ကို လုပ်ဆောင်နေသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် သိန်း၅၀၊

(၉) ရန်ကုန်မြို့ရှိ NGO ပရဟိတ အဖွဲ့အစည်းမှတဆင့် CDM လုပ်နေသူများအား ဆန်၊ ဆီ ဆား ထောက်ပံ့ရေးအတွက် ၅၁ သိန်း၊

(၁၀) မကွေးတိုင်း နှင့် ချင်းပြည်နယ် ကြားတွင် ရှိသော မြိုနယ် တခုတွင် CDM ပါဝင်နေသော ဝန်ထမ်း များအားသိန်း ၃၀၊

(၁၁) မွန်ပြည်နယ် မြို့တမြို့ရှိအစိုးရဌာနတခုတွင် CDM လုပ်နေ‌သော ဝန်ထမ်းများကို သိန်း ၂၀၊

(၁၂) မွန်ပြည်နယ် မြို့နယ်တခုအတွင်းရှိ အစိုးရဌာနနှစ်ခုတွင် CDM လုပ်နေသော ဝန်ထမ်းများကို သိန်း ၃၀၊ 

(၁၃) ပဲခူးတိုင်းအတွင်းရှိ မြိုနယ်တခုတွင် CDM တွင် ပါဝင်နေသော ဝန်ထမ်းများကို ၂၅ သိန်း၊

(၁၄) ရန်ကုန်၊ မန္တလေး စစ်ကိုင်း မြိုနယ်အတွင်းရှိ ဝန်ကြီးဌာနာများတွင် ပါဝင်နေသော ဝန်ထမ်းများကို သိန်း ၃၀၊

(၁၅) ရန်ကုန်မြို့တော်အစိုးရရုံးကြီးတခုမှ CDM တွင်ပါဝင်နေသော ဝန်ထမ်းများကို သိန်း ၅၀၊

(၁၆) စစ်ကိုင်းတိုင်း မုံရွာမြို့အစိုးရရုံးတခုမှ CDM တွင်ပါဝင်နေသော ဝန်ထမ်းများကို သိန်း ၂၀၊

(၁၇) နေပြည်တော် CDM အဖွဲ့မှတဆင့် အစိုးရဌာနများမှ CDM တွင်ပါဝင်နေသော ဝန်ထမ်းများကို သိန်း ၃၀၊

(၁၈) မကွေးတိုင်း မြို့တမြို့ရှိအစိုးရဌာန ၂ခုမှ CDM တွင်ပါဝင်နေသောသူများကို ၃၅ သိနိး၊

(၁၉) မကွေးတိုင်း အစိုးရဌာန တခုမှ CDM တွင်ပါဝင်နေသောသူများကို သိန်း ၃၀၊

(၂၀) စစ်ကိုင်း နှင့် မြစ်ကြီးနား ရှိဝန်ကြီးဌာနများတွင် ပါဝင်နေသော ဝန်ထမ်းများကို သိနိး ၃၀၊

(၂၁) ပဲခူးတိုင်း ဌာနပေါင်းစုံ မှCDM လုပ်နေသူများအတွက် သိန်း ၃၀၊

(၂၂) ရန်ကုန်တိုင်းရှိ ဆန္ဒပြသူများ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ၁၅ သိန်း၊

(၂၃) ဧရာဝတီတိုင်းရှိမြို့တမြို့ရှိ ဌာနပေါင်းစုံမှCDM လုပ်နေသူများအတွက် ၄၆ သိန်း၊

(၂၄) ရန်ကုန်မြို့အနီးရှိ ဌာနတခုမှ CDM လုပ်နေသူများအတွက် ၂၅ သိန်း၊

(၂၅) မန္တလေးမြို့အနီးရှိ အရေးပါသောအစိုးရဌာနကြီးတခုမှ CDM တွင်ပါဝင်နေသောသူများအတွက် သိန်း ၅၀၊

(၂၆) ကချင်ပြည်နယ်မြို့တမြို့မှ ဆန္ဒပြ၍ပြေးလွှားပုန်းရှောင်နေရပြီးနေရေးထိုင်ရေးစားရေးသောက်ရေးအခက်အခဲရှိသူများ အတွက် ၁၀ သိန်း၊

(၂၇) မန္တလေးအနီးရှိမြို့တမြို့မှ ဌာနဆိုင်ရာတခုတွင် CDM လုပ်နေကြသူများအတွက် ၃၆ သိန်း၊

(၂၈) ရန်ကုန်မြို့အတွင်း အကြမ်းဖက်ကောင်စီ၏ ပစ်ခတ်မှု့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက်လိုအပ်သောဆေးကုသရန်အတွက် ၁၀ သိန်း၊

(၂၉) ရန်ကုန်မြို့အစိုးရဌာနဆိုင်ရာတခုမှ CDM လုပ်နေ၍ လစာမရရှိသောသူများအတွက် ထောက်ပံ့ငွေ ၁၅.၅သိန်း၊

(၃၀) မကွေးတိုင်း အစိုးရဌာနကြီးတခုမှ CDM လုပ်နေသူများအလုပ်ပြန်ဆင်းရန်အတင်းအကြပ်ဖိအားပေးခံရသူများအတွက် ၃၇.၅ သိန်း၊

(၃၁)ရန်ကုန်မြို့အတွင်း အကြမ်းဖက်ကောင်စီ၏လက်ချက်ဖြင့် ဆိုးဆိုးရွားရွားထိခိုက်ခံထားရသောသူများဆေးကုသရန် သိန်း၃၀၊

(၃၂) ကရင်ပြည်နယ် မြို့တမြို့မှ ဌာနဆိုင်ရာတခုတွင် CDM လုပ်နေသူများအတွက် သိန်း ၄၀၊

(၃၃) ရန်ကုန်တိုင်းရှိ CDM လုပ်နေသော ကျန်းမာရေးဝန်ထမ်းများ အတွက် သိန်း၃၀၊

(၃၄) စစ်ကိုင်းတိုင်း အစိုးရဝန်ကြီးဌာနတခုမှ CDM လုပ်နေသူများအတွက် ၂၅ သိန်း၊

(၃၅) မန္တလေးရှိအရေးပါသော အစိုးရဌာနကြီးတခုတွင် CDM လုပ်နေသောသူများအတွက် သိန်း ၅၀၊

(၃၆) ရန်ကုန်မြို့ရှိ အစိုးရဌာနတခုမှ CDM လုပ်နေသော သူများအတွက် ၂၈သိန်း

(၃၇) ကယားပြည်နယ်မှ CDM ဝင်၍ပုန်းရှောင်နေရသူများကိုလက်ခံစောင့်ရှောက်ထားသောအဖွဲ့ကိုသိိန်း ၂၀၊

(၃၈) ပြည်နယ်မြို့တမြို့မှကျဆုံးသွားသောအာဇာနည်များကိုရည်စူး၍ ၃၂သိန်း ၊

စုစုပေါင်း ၁၂၂၆ သိန်း ကိုလှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ 

CDM သည်သာ အာဏာသိမ်း သူပုန်များကို တိုက်ရိုက်အထိနာစေသော နည်းလမ်းဖြစ်ပါ၍ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်ဖိတ်ခေါ်အပ်ပါသည်။

ရုံးမတက် နဲ့ ရုန်းထွက်၊

#CivilDisobedienceMovement

#SayNoToMilitaryCoup

Leave a Reply

Your email address will not be published. Required fields are marked *