Congratulation to BCDC member Dr. Tun Aung Shwe and Ma Sophia Sarkis.

ဩစတြေလျားနိုင်ငံတွင် မြန်မာ့အရေး ကြားနားမှုပြုလုပ် (အပိုင်း ၁)(၂၀၂၁ ဧပြီလ ၁၃ ရက်)။

ဩစတြေလျားနိုင်ငံရဲ့ အစိုးရရုံးဆိုက်ရာ ကင်ဘာရာမြို့ က ပါလီမန်လွတ်တော်မှာ မြန်မာ့အရေးနဲ့ ပါတ်သက်လို့ ကြားနာမှု တခုကို ဧပြီလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဩစတြေးလျားနိုင်ငံရဲ့ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ရဲ့ပူးတွဲအမြဲတန်း ကော်မတီ ကနေ့ ဦးစီးကျင်းပတဲ့ ဒီကြားနာမှုမှာ ဩစတြေးလျားနိုင်ငံရှိ မြန်မာလူမျိုးစုရဲ့ ကိုယ်စားလှယ်များကလည်း တက်ရောက် ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအ‌ခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒီကြားနာမှုကို လက်ရှိ ဩစတြေလျားအစိုးရရဲ့အရာရှိများကို မေးမြန်းခြင်း၊ မြန်မာလူမျိုးစုကိုယ်စားလှယ်များကို မေးမြန်းခြင်းနဲ့ ကျွမ်းကျင်သူပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း ကိုယ်စားလှယ်များကို မေးမြန်းခြင်းစသည်ဖြင့် အပိုင်းများခွဲပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာလူမျိုးစုကိုယ်စား – Simon Sang Hre (Australian Chin Communities’ Council)၊ စောလွင်ဦး (Australian Karen Organisation)၊ Dr. Tun Aung Shwe and Sophia Sarkis (Member from Burmese Community Development & Collaboration)၊ Melinda Tun၊ Sai Myint Aung၊ Ko Saulsman (Ko Naing) ၊ Kyaw Soemoe ၊ Ms Barbara Taylor စသည်တို့က တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးမှုအကူအညီပေးရေးဆိုင်ရာ လွှတ်တော်ဆပ်ကော်မတီထံ တင်ပြချက် (အကျဉ်း)[please see below for English version of my 3-min presentation to Subcommittee for Foreign Affairs and Aid]ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ခင်ဗျားမြန်မာနိုင်ငံနှင့် ပတ်သက်တဲ့ လူထုကြားနာမှု ပြုလုပ်စဉ်မှာ ကော်မတီသို့ တင်ပြခွင့်ရခြင်းဟာ ကျနော့်အတွက် အလွန် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ကော်မတီရဲ့ မေးခွန်းများအနက် (၁)၊ (၂) နှင့် (၇) တို့ အပေါ် သြစတြေးလျအနေနဲ့ ထည့်သွင်းစဉ်းစားဖို့၊ အကောင်အထည်ဖေါ်ဖို့ အရေးကြီးသော ကိစ္စရပ်များအဖြစ် ကျနော် ရှုမြင်တဲ့ အရာများကို အဓိကထား တင်ပြပါမယ်။ဒီစစ်တပ် အာဏာသိမ်းမှုဟာ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံမှာ ပေါ် ပေါက်လာတဲ့ စစ်အာဏာရှင် စနစ်ရဲ့ အကြမ်းဖက် သံသရာစက်ဝန်း တတိယအကြိမ် တဖန် ပြန်လည်တာ ဖြစ်ပါတယ်။ ဒီအာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုဆိုတာ ဘယ်တော့မှာ ရှိလာမှာ မဟုတ်ပါဘူး။ ဒုက္ခသည် ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ၊ လူကုန်ကူးမှု ပြဿနာတွေဟာ ဒီ မြန်မာ စစ်အာဏာရှင် စနစ်ရဲ့ ဘေးထွက် ဆိုးကျိုးတွေအဖြစ် ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီဒဏ်ကို ကမ္ဘာကြီး၊ အထူးသဖြင့် သြစတြေးလျနိုင်ငံဟာ ခံစားနေရ ဦးမှာပါ။ သြစတြေးလျ အနေနဲ့ ခံစားခဲ့ရတာတွေ လုံလောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီ သြစတြေးလျနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားဟာ ဘာလဲလို့ မေးရင် ဒီ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားဖို့ပါပဲလို့ ပြောချင်ပါတယ်။ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကာကွယ်သူ ဖြစ်တဲ့ သြစတြေးလျဟာ မြန်မာပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ ခိုင်မာတောင့်တင်းတဲ့ အသင်းဝင်တစ်ဦး အနေဖြင့်လည်း သြစတြေးလျဟာ မြန်မာပြည်သူများကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ အကယ်၍ သြစတြေးလျဟာ ယခု လက်ရှိလို စစ်အုပ်စုအပေါ် ပျော့ပျောင်းတဲ့ ထုတ်ပြန်ချက်တွေကိုပဲ ဆက်လက် ထုတ်နေပြီး ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို မလုပ်ဘူး ဆိုရင် သြစတြေးလျသားတွေရဲ့ ဂုဏ်ယူစရာ တန်ဖိုးတွေဟာ သြစတြေးလျအတွက်သာ ဖြစ်ပြီး ပြင်ပကမ္ဘာနှင့်သက်ဆိုင်မှု မရှိဘူးလားလို့ မြန်မာနိုင်ငံသားတွေက မေးခွန်း ထုတ်ကြတော့မှာ ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် ဝင်ရောက် စွက်ဖက်နေမှုတွေကြောင့် ယခုအခါ မြန်မာလူထုက တရုပ်နိုင်ငံကို မုန်းတီးခြင်း၊ ရွံရှာစက်ဆုပ်ခြင်းများ ပြသနေကြပါပြီ။ ဒီအချက်ဟာ တရုတ်နိုင်ငံသည် မှားယွင်းတဲ့ဘက်မှာ ရပ်နေတယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ လူထုအစိုးရ တစ်ရပ်ကသာ သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ် ပေးနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက နားလည်လာဖို့ လိုအပ်ပါတယ်။ အခုလည်း အထိုက်အလျောက် နားလည်လာလို့ CRPH ကို စတင် ချဉ်းကပ်မှုတွေ ပြုလုပ်လာပါပြီ။ ဒါကို ပိုမိုပြီး နားလည်လာအောင် သြစတြေးလျ အစိုးရအနေနဲ့ တရုတ်ကို အခြား မတူတဲ့ လမ်းကြောင်းတခုကို ခေါ်ဆောင် လာနိုင်တဲ့ သြဇာရှိပါတယ်။ ဒီလို ပြုလုပ်ခြင်းက သြစတြေးလျ-တရုပ် ဆက်ဆံရေးမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေလည်း ဖန်တီးပေးနိုင်ပါတယ်။ကျနော်အနေနဲ့ သြစတြေးလျ အစိုးရကို အကြံပေးခြင်တာတွေ ရှိပါတယ်။ပထမဆုံးက CRPH ကို အသိအမှတ်ပြုဖို့၊ စစ်အုပ်စု ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ အတွက် CRPH က ICC မှာ စစ်အုပ်စုကို တရားစွဲဆိုရန် ကြိုးပမ်းမှုကို ထောက်ခံ ပံ့ပိုးပေးဖို့ပါ။ ဒီလို ပြုလုပ်ပေးတာဟာ ပါမောက္ခ Sean Turnell၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား လွှတ်မြောက်လာရေး အတွက် မဟာဗျူဟာ တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ စစ်အုပ်စု နားလည်တဲ့ ဘာသာစကား တစ်ခုပဲ ရှိပါတယ်။ ဒါက “ဖိအား” ဆိုတာပါပဲ။ဒုတိယအနေနဲ့ စစ်အုပ်စုအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ပေးဖို့နဲ့ သြစတြေးလျမှာ ရှိနေတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ဖို့ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး အပေါ် စစ်အုပ်စုက သိသိသာသာ ချုပ်ကိုင်ထားမှုကြောင့် ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုများ လုပ်လာနိုင်ရင် ဒီ စစ်အုပ်စု ကျူးလွန် နေတဲ့ ရက်စက် ယုတ်မာမှုတွေကို ရပ်တန့်စေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်လာမှာပါ။တတိယအချက်က အမေရိကန်၊ ယူကေ၊ အီးယူ၊ အခြားမဟာမိတ်များနဲ့ ပူးပေါင်းပြီး ဖြစ်နိုင်သမျှ နည်းလမ်း အမျိုးမျိုးနဲ့ ကြားဝင် ဆောင်ရွက်ပေးပြီး မြန်မာပြည်သူများကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။နောက်ဆုံးအနေဖြင့် မြန်မာပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးရန်နဲ့ လူထုအခြေပြု အဖွဲ့အစည်းများနဲ့ မီဒီယာများကို ထောက်ပံ့ပေးဖို့၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေး အစီအစဉ်များကိုစတင်ပေးဖို့ဖြစ်ပါတယ်။ကျေးဇူးအထူး တင်ရှိပါတယ်။

Chair and members of the committee,It is a great honor and pleasure for me to address the Committee during its public hearing on Myanmar. I will focus on what I see as important matters on the Committee’s Question 1, 2 and 7, on what Australia should consider and act briefly. The military coup was actually the 3rd-round of the vicious-cycle of dictatorship violence in Myanmar after independence. As long as the dictatorship exists, there will never be peace and stability in the region, and refugees, drugs, human-trafficking will remain the by-products of the Myanmar military junta, and the world, especially Australia, will continue to suffer. Australia has suffered enough. As a defender of democracy and human rights, Australia has a responsibility to defend the Myanmar people’s human rights. As a strong member of the international community, Australia also has a responsibility to protect the people. If the Australia continues to issue soft statements and not pass to strong action, the people of Myanmar will soon be questioning whether these proud values of Australia are reserved just for Australia, and not applicable to the outside world. China is now getting hate, resentment, and distrust of people in Myanmar. It simply shows that the China is standing on wrong side. China needs to understand that only a democratically elected Myanmar government will be able to protect its interests, not the military. Australia can play a role in convincing China to take a different path, which also might positively influence Australian-Chinese relations. My suggestions are:Firstly, to recognise the Committee Representing Federal Parliament called Pyidaungsu Hluttaw (CRPH), and support the CRPH’s attempt to legally prosecute the military junta at ICC for their crimes against humanity; it can be a strategy for release of Professor Sean Turnell, Daw Aung San Suu Kyi, and all political detainees. The military understands only a language that is “pressure”.Secondly, to impose targeted sanctions on the military junta and freeze their properties and financial assets in Australia. Given the military’s significant hold on the Myanmar economy, there are effective ways to pressure the military junta to stop its atrocities, through severe sanctions.Thirdly, to take responsibility to protect the people in Myanmar by any possible interventions in collaboration with the US, UK, EU, and other allies.Last, but not least, to provide more humanitarian assistance urgently to the People of Myanmar, and initiate cross-border programs to support civil societies and media groups.Thanks you.

Ma Sophia Sarkis statement
RFA Interview with Dr. Tun Aung Shwe.

Leave a Reply

Your email address will not be published. Required fields are marked *