❤️❤️လစဉ်ဆင်နွဲ မြန်မာ့ သက်ကြီးများ ၏ ၂၀၂၆ ခုနှစ် အောက်တိုဘာလ တွေ့ဆုံပွဲ❤️❤️Metta Community Care Sydney (MCCS) monthly meeting for October 2026ယနေ့ 11/10/2026 (တနင်္ဂနွေနေ့) မနက်ပိုင်းတွင်ဆစ်ဒနီမြို့ မေတ္တာ လူမှုကူညီစောင့်ရှောက်ရေးအသင်း (Metta Community Care Sydney, BCDC) မြန်မာ့ သက်ကြီးများ ၏ လစဉ် တွေ့ဆုံပွဲ ကို မေရီလင်းဥယာဉ် ရှိ တထပ်တိုက်ငယ် (Merrylands Central Gardens ရှိ Kiosk) တွင် ပြုလုပ် ခဲ့ပါတယ်၊ဒီနေ့ယနိုရာဘုန်းတော်ကြီးကျောင်း အဘိဓမ္မနေ့ အခမ်းအနားနှင့်တိုက်ဆိုင်နေပါသဖြင့် ကျွန်တော်တို့ သက်ကြီးအချို့ မေရီလင်းဥယာဉ် လစဉ် တွေ့ဆုံပွဲ အပြီး ယနိုရာဘုန်းတော်ကြီးကျောင်းသို့ ခရီးဆက်ကြပါသည်၊ယနေ့အစီအစဉ်တွင် အခမ်းအနားမှူးအဖြစ် ဒေါ်နှင်းရည်ပွင့် မှ ဆောင်ရွက်ပါသည်၊ အစီအစဉ်များကတော့ – # အခမ်းအနားမှူးမှ သက်ကြီးများ လစဉ် တွေ့ဆုံပွဲ နှစ်ပေါင်းများစွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် BCDC အဖွဲ့ သားများနှင့် ဦးမောင်မောင်မြင့် ဒေါ်ဝင်းဝင်းတင့် တို့အား၎င်း၊ အခမ်အနားမှူးအဖြစ် နှစ်ပေါင်းများစွာ ဦးဆောင် ခဲ့သည့် ဒေါ်ဥမ္မာခင် အား၎င်း အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခြင်း၊# အစားအသောက် အကျွေးအမွေး အလှူရှင်များ နှင့် လုပ်အားပေးများအား မိတ်ဆက်ပေးခြင်း နှင့်ကျေးဇူးတင်စကားပြောကြားခြင်း# အောက်တိုဘာလမွေးနေ့ရှင်များ အား မွေးနေ့ဆုတောင်းများ Birthday wishes ပြုလုပ်ပေးခြင်း၊# ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အဖြစ် ဒေါ်နှင်းရည်ပွင့်မှ သူမ၏ လုပ်ငန်းအတွေအကြုံပေါ်အခြေပြုပြီး အစာအိမ်လမ်းကြောင်း biopsy ရောဂါရှာဖွေရေးအဆင့်ဆင့် နှင့် ခွဲစိတ်ခန်းမှပေးပို့လာသည့် အသားစနမူနာများအား ၁၅ မီးနစ်အတွင်း ရောဂါအဆင့်ဆင့်ရှာဖွေပေးခြင်း စသည့်ဗဟုသုတများ တင်ပြသွာ:ခြင်း၊# ကိုဝင်းမင်ဆွေ မဝင့်ဝါမြင့် ကိုမျိုးမြင့် တို့မှ ပျော်ရွှင် ရယ်မောစရာ သက်ကြီးများ မှတ်ဥာဏ် စီစစ်ခြင်း အဖြစ် တိရစ္ဆာန်များ၏ပုံများကိုပြပြီး သူတို့၏ နာမည် များကို ဖေါ်ပြစေခြင်း (သက်ကြီးများ တဝါးဝါး တဟားဟား နှင့် ပျော်စရာကြီပေါ့)၊# ကိုမျိုးမြင့် မှ ကံစမ်းမဲများဖြင့် ကံကောင်းသူသက်ကြီးတိုအား လက်ဆောင်များ ပေးအပ်ခြင်း၊# မအိနု မှ BCDC အစီအစဉ် ဖြင့် လူငယ်ကလေးများအား မြန်မာစာ သင်ကြားပေးမည့် အစီအစဉ်ကို သတင်းကောင်းပါးခြင်း (တနင်္ဂနွေနေ့တိုင်း မနက် ၁၀ – ၁၂နာရီ၊နေရာ – 58 Betts Rd Merrylands West. စုံစမ်းရန် Ma Ei Nu – 0430777714)# Registered nurse မှ စိတ်ဝင်စားကြသည့် သက်ကြီးများအား blood pressure တိုင်းပေးခြင်း နှင့် ကျန်းမာရေးဆိုင်ရာမေခွန်းများမေးလိုက မေးစေခြင်း၊# ရှေ့လ တွေ့ဆုံမည့်ရက် ကြေငြာခြင်း – (နိုဝင်ဘာ ၈ ရက် တနင်္ဂနွေနေ့ – 8/11/2026 Sunday)ထို့နောက်သက်ကြီးများနေ့လည်စာ စားသောက်ရင်း စကားတွေ ပြောကြ ရယ်မောကြဖြင့် ပျော်ရွှင်စရာနေ့လေး ဖြစ်ခဲ့ပါတော့တယ်၊စီစဉ်သူများ၊ လာရောက်သူများ၊ အစားအသောက် အကျွေးအမွေးလှူဒါန်း သူများ၊ လုပ်အားပေးသူများအားလုံးအားကျေးဇူးအထူးတင်ရှိပါ၏၊ ကိုယ်စိတ်ကျန်းမာချမ်းသာကြပါစေ၊ မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေ၊ အ မြန် အေးချမ်းပါစေ၊(Thank you very much Ko William for your photos).Credit: Saya U Aung Bwa.
လစဉ်ဆင်နွဲ မြန်မာ့ သက်ကြီးများ ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ တွေ့ဆုံပွဲ Metta Community Care Sydney (MCCS) monthly meeting for September 2026ယနေ့ 13/09/2026 (တနင်္ဂနွေနေ့) မနက်ပိုင်းတွင်ဆစ်ဒနီမြို့ မေတ္တာ လူမှုကူညီစောင့်ရှောက်ရေးအသင်း (Metta Community Care Sydney, BCDC) မြန်မာ့ သက်ကြီးများ ၏ လစဉ် တွေ့ဆုံပွဲ ကို မေရီလင်းဥယာဉ် ရှိ တထပ်တိုက်ငယ် (Merrylands Central Gardens ရှိ Kiosk) တွင် ပြုလုပ် ခဲ့ပါတယ်၊ယနေ့အစီအစဉ်တွင် အခမ်းအနားမှူးအဖြစ် ကိုဝင်းမင်းဆွေ မှ ဆောင်ရွက်ပါသည်၊ ဒီနေ့ ရာသီဥတုသာသာယာယာရှိပြီး သက်ကြီးများအခန်းပြည့် ရွှင်ရွှင်လန်းလန်းလာရောက်ကြပါသည်၊ ဒီနေ့အခမ်းအနားမှူး ကိုဝင်မင်းဆွေရဲ့အစီအစဉ်တွေကတော့ စိတ်ဝင်စားစရာပါဘဲ၊ # ပထမဦးစွာ သက်ကြီးများ အချင်းချင်းစကားများတွေတဝကြီးပြောကြားစေခြင်း၊ # ထိုနောက်အခမ်းအနားဖွင့်လှစ်ပြီး၊ အစားအသောက် အကြွေးအမွေး အလှူရှင်များ နှင့် လုပ်အားပေးများအား မိတ်ဆက်ပေးခြင်း နှင့်ကျေးဇူးတင်စကားပြောကြားခြင်း၊# စက်တင်ဘာလမွေးနေ့ရှင်များ အား မွေးနေ့ဆုတောင်းများ Birthday wishes ပြုလုပ်ခြင်း၊# သက်ကြီးများ၏ သွားကျန်းမာရေးအကြောင်းအား သွားဆရာဝန် Dr Nyan Aung မှရှင်းလင်းတင်ပြသွားပြီး မေးခွန်းများ နှင့် ဆွေးနွေးမှုများကိုလည်း ရင်းရင်းနှီးနှီးဖြေကြားဆောင်ရွက်သွားခြင်း၊ (ထို့ပြင် Dr Nyan Aung မှသက်ကြီးများ အားလုံးအား Colgate သွားတိုက်ဆေး တဘူး နှင့် သွားတိုက်သပွတ်တံ တချောင်းစီလက်ဆောင်ပေးပါသည်၊ ကျေးဇူးပါ၊)# Registered nurse (Ma Myint Ni) မှ စိတ်ဝင်စားကြသည့် သက်ကြီးများအား blood pressure တိုင်းပေးခြင်း နှင့် ကျန်းမာရေးဆိုင်ရာမေခွန်းများမေးလိုက မေးစေခြင်း၊# ဘိုးဘို:ကြီး ဦးသန်းအောင်မှ သက်ကြီးကျန်မာရေး ဗဟုသုတ အကြောင်းပြောကြားပြီး၊ ဘိုးဘိုးကြီးရဲ့ ထုံးစံအတိုင်း ဗဟုသုတ မေးခွန်းမေးပြီး ဆုလက်ဆောင်ပေးခြင်း၊# အန်ကယ်ဦးမောင်မောင်ခင်မှ သွားပွတ်တံ ကိုင်တွယ်နည်း သွားတိုက်နည်းမျာကို သူ၏အတွေ့အကြုံများနှင့်ယှဉ်တွဲ အကြံပေး တင်ပြခြင်း၊# သက်ကြီးများအား စကားပြောလိုက ပြောကြားရန် ဖိတ်ခေါ်ခြင်း# ရှေ့လ တွေ့ဆုံမည့်ရက် ကြေငြာခြင်း – (အောက်တိုဘာလ ၁၁ ရက် တနင်္ဂနွေနေ့ – 11/10/2026 Sunday)ထို့နောက်သက်ကြီးများနေ့လည်စာ စားသောက်ရင်း စကားတွေ ပြောကြ ရယ်မောကြဖြင့် ပျော်ရွှင်စရာနေ့လေး ဖြစ်ခဲ့ပါတော့တယ်၊စီစဉ်သူများ၊ လာရောက်သူများ၊ အစားအသောက် အကြွေးအမွေးလှူဒါန်း သူများ၊ လုပ်အားပေးသူများအားလုံးအားကျေးဇူးအထူးတင်ရှိပါ၏၊ ကိုယ်စိတ်ကျန်းမာချမ်းသာကြပါစေ၊ မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေ၊ အ မြန် အေးချမ်းပါစေ၊Credit: ဆရာဦးအောင်ဘွား
BCDC/ MCCS ၏မေတ္တာသက်ကြီးစောင့်ရှာက်ရေးအသင်း၏လစဉ်လူကြီးများတွေ့ဆုံပွဲများကို MERRYLANDS ပန်းခြံအတွင်းရှိ တထပ်တိုက်အဆောက်အုံလေး တွင်ကျင်းပခဲ့ပါတယ်။ လူကြီးများကိုယ်/စိတ် ကျမ်းမာရေးအကျိုးပြုဘွယ်ရာသတင်းစကားများဖြင့်ဖျော်ဖြေခြင်း၊ မွေးနေ့ရှင်များအတွက် ဆုတောင်းမေတ္တာပို့ခြင်းများနှင့်အတူ နံနက်စာကို မုန်ုဟင်းခါးနှင့်အချိုပွဲများဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။အကျွေးအမွေးလှူဒါန်းကြသူများ လုပ်အားပေးကြသူများကိုအထူးကျေးဇူးတင်ပါသည်။ကိုဝီလျံမှရိုက်ပေးထားသောပုံများကို အောက်ကလင့်မှာကြည့်လို့ရပါသည်။www.facebook.com/share/p/1BmPKPANfq/?mibextid=wwXIfr
🌟🇲🇲 BCDC ရန်ပုံငွေဈေးရောင်းပွဲ 🇲🇲🌟BCDC အဖွဲ့မှ လစဉ်လှူဒါန်းလျက်ရှိသော သောင်ရင်းမြစ်ကမ်းဘေးရှိ ပလောတပို့၊ လူခို့တာ၊ ထီးဘောဂေါ် စစ်ဘေးရှောင်စခန်းများ နှင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသော ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေဈေးရောင်းပွဲကျင်းပခဲ့ရာစုစုပေါင်းဩစီငါးထောင့်ငါးရာကျော်ရရှိခဲ့ပါသည်။ လာရောက်အားပေးကြသူများ၊ လှူဒါန်းကြသူများ၊လုပ်အားပေးကြသူများ၊ ဈေးရောင်းချပေးခဲ့သူများကိုကျေးဇူးအထူးတင်ပါသည်။
လူကြီးတွေတလတခါတွေ့ဆုံနေကြပွဲလေးကို မေရီလန်းမှာဒီနေ့ပြုလုပ်ခဲ့ပါတယ်။ လူကြီးပွဲကိုတစဉ်တစိုက်လုပ်ပေးနေတဲ့အန်တီဥမ္မာကိုလဲဂါဝရပြုခဲ့ပါတယ်။
Kim, BCDC and Sydney Myanmar Community.www.facebook.com/share/1CwQoVDdRr/?mibextid=wwXIfr
06.06.2026 BCDC organized community events for Daw Aung San Suu Kyi’s 81st Birthday
တလတခါတွေ့ဆုံနေကြ လူကြီးတွေတွေ့ဆုံတဲ့ပွဲလေးပါ။အကျွေးအမွေးလှူဒါန်းကြသူများ လုပ်အားပေးကြသူများကိုအထူးကျေးဇူးတင်ပါသည်။
လူကြီးများတလတခါတွေ့ဆုံပွဲကို မြန်မာပိုင် Garden View Nursing Home ရှေ့ရှိ Central Garden မှာကျင်းပခဲ့ပါတယ် အလှူရှင်များ လာရောက်ကြသူများ လုပ်အားပေးသူများနှင့်ခန်းမအပြည့်ပါဘဲ။
BCDCရဲ့လူကြီးတွေစောင့်ရှောက်ဖို့ တည်ထောင်ထားတဲ့ MCCS မေတ္တာလူမူ့ရေးအသင်းရဲ့Wollongong ဘက်အပန်းဖြေပျော်ပွဲစားခရီးထွက်တဲ့ပုံတွေတင်ပေးလိုက်ပါတယ်။

Recent Comments